Showing posts with label Journal. Show all posts
Showing posts with label Journal. Show all posts

Thursday, September 22, 2011

မဟာရံတတိုင်း၊ ဧရာဝတီ နှင့် ဒို့တာဝန်အရေးသုံးပါး။



ဝတို့ပြည်က ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းမတစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့တုန်းကပေါ့ . . .

ဟဲ့အဆွိ . .နင်တို့တိုင်းပြည်က မဟာရံတံတိုင်းကြီးက အရမ်းကိုကြီးကျယ်ခန့်ငြားလိုက်တာဟာ။

အင်းဟုတ်တယ် ပဉ္စရဲ့။  ဒီမဟာရံတတိုင်းကြီးက ငါတို့တမျိုးသားလုံး မျိုးရိုးစဉ်ဆက် အလေးအမြတ်ထားပြီး ငါတို့တရုတ်ပြည်ကြီးရဲ့ ကြီးကျယ်မြင့်မြတ်ခမ်းနားမှုကို ထည်ထည်ဝံ့ဝံ့နဲ့ ဂုဏ်ယူဝံ့ကြွားစရာကြီးလေဟာ။

အင်း . . နော်။ ငါတို့မြန်မာပြည်မှာလည်းဟာ အိမ်နီးနားချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံကြီးတစ်ခုက ကျောက်တွင်းတွေ ရက်ရက်စက်စက်တူး၊ မတရားတောင်တွေဖြို၊ တရားဝင်သလိုလိုနဲ့ မတရားသစ်တွေ ပေါ်ပေါ်တင်တင် ခိုးထုတ်နေတော့ ရှိသမျှသယံဇာတတွေ တဖြုန်ဖြုန်ကေးနေပြီဟ။ ခု ငါတို့နိုင်ငံရဲ့ ဒီမီုကရေစီ အစိုးရသစ်လက်ထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်တဲ့အခါ လုံလောက်တဲ့ သစ်ပင်တွေမရှိတော့လို့ အဆာက်အဦသစ်တွေဆောက်၊ တံတားတွေတည်၊ လမ်းတွေဖေါက်ရာ မှာ အခက်အခဲအတော်ရှိနေတယ်ဟ။

သစ်ပင်တွေမရှိတော့တာနဲ့ ဘာဆိုင်လို့တုန်း ပဉ္စရဲ့။

အဆွိနင်ကလည်း ဒီလို အဆောက်အဦကြီးတွေ တည်ဆောက်တယ်ဆိုတာ အုတ်တွေ ကျောက်တွေ သဲတွေလိုတယ်လေဟာ။ ဒါမှ တည်ဆောက်လို့ရ တော့မှာပေါ့။ အခု သစ်ပင်တွေအလုံအလောက် မရှိတော့လို့ အုတ်ဖုတ်ဖို့တောင် မဖြစ်နိုင်ပဲ တော်တော် အခက်တွေနေပြီလို့ သိရတယ်ဟ။ အဲဒါ ငါ စဉ်းစားမိတာတစ်ခုက နင်နဲ့ ငါနဲ့ အကျိုးတူစီးပွားရေး ကုမ္ပဏီထောင်ပြီး နင်တို့တိုင်းပြည်ထဲမှာရှိတဲ့ လူလည်းသိပ်မသုံးတဲ့အပိုင်းက မဟာရံတံတိုင်းကြီးရဲ့ အစိတ်အပိုင်းအချို့ကို လေလံပစ်ပြီး လိုတဲ့အုတ်တွေ ငါတို့ နိုင်ငံ ပြန်လည် တည်ဆောက်မှုမှာ သုံးချင်လို့ဟ။ နင်တို့ဆီက ပါတီခေါင်းဆောင်ကြီးတွေနဲ့ တိုင်ပင်ကြည့်ပါလား။ နှစ်နိုင်ငံ အကျိုးတူစီးပွားပေါ့။

ဘာ… ဒါငါတို့ရဲ့ သမိုင်း၊ ငါတို့လေးစားမြတ်နိုးတဲ့ မဟာရံတံတိုင်း၊ ငါတို့ လူမျိုးစုရဲ့ ကြီးကျယ်ခန့်ငြားမှုကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တိုင်ဟဲ့။ ပိုက်ဆံဘယ်လောက်ရရ နင့်တိုင်းပြည်ကြီး ပုံပေးအုံးဟာ မဟာရံတံတိုင်းက အုတ်တစ်လုံးတောင်မရဘူး.. မှတ်ထား။

သြော် . . . အမျိုးဂုဏ် ဇာတိဂုဏ် တယ်ပြင်းတဲ့ အဆွိရယ် နင်သာ ငါတို့တိုင်းပြည်က လျပ်စစ်ဝန်ကြီး လုပ်လိုက်ပါတော့လားဟုသာ ငြီးတွားရင်း မျက်နှာနီရဲနေတဲ့ တရုတ်မကို ဘိုင်ဘိုင့်မလုပ်ပဲ ကျောခိုင်းခဲ့ပါတယ်။

နိုင်ငံတစ်ခုရဲ့ကျင့်ဝတ်ကို အမျိုးသားအကျိုးစီးပွားနဲ့ ဖုံးအုပ်လေ့ရှိသလို သူ့ပြည်တွင်းရေး ဒို့ဝင်မစွက်ပေါင် လို့တွင်တွင်ပြောပြီး ကန့်လန့်ကာနောက်ကွယ်ကနေ အမျိုးသားအကျိုးစီးပွားဆိုတာချည်းအတွက် ရသမျှ သမလေ့ရှိသလို အဆိပ်ပင်ရေလောင်းလည်း လုပ်တတ်ပါတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

တကယ်တော့ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံခြားရေးမူဝါဒ အားလုံးနီးပါးလိုလိုဟာ “ငါတို့မှာ ထာဝရမိတ်ဆွေဆိုသည်မရှိ၊ ထာဝရ အမျိုးသားအကျိုးစီးပွားသာလျင်ရှိ၏” ဆိုသလို ဘယ်သူသေသေ ငတေမာရင် ပြီးရောသဘောလုပ်သာ ခံယူလေ့ပဲရှိတတ်ကြပါတယ်။ ရ၀န်ဒါမှာ မျိုးနွယ်စုလိုက် သတ်ဖြတ်ဖို့အတွက် ဓါးတွေ သိန်းနဲ့ သန်းနဲ့တင်သွင်းပေးတာမျိုး၊ လစ်ဗျားက အစိုးရက လစ်ဗျားပြည်သူတွေကို ရက်ရက်စက်စက် သတ်နိုင်ဖို့အတွက် ကျည်ဆံတွေ၊ လက်နက်တွေ အားရပါးရရောင်းတာမျိုး၊ နူကလီယားဘန်းပြပြီး နိုင်ငံတကာမှာ လူမိုက်မွေးထားတာမျိုး စသဖြင့် စသဖြင့် ဥပမာ ဥပမေယျတွေ အများကြီးရှိပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတာ အဲဒီတိုင်းပြည်မှာမှီတင်းနေထိုင်တဲ့ အမျိုးသားတိုင်းနဲ့ ဆိုင်ပါတယ်။ အဆွိ တစ်ယောက် ဒေါသထွက်သွားမယ်ဆိုလည်း ထွက်သင့်စရာပါ။ သူလည်း သူ့တိုင်းပြည်က အမျိုးသား အဲလေ အမျိုးသမီးကိုး။ ဒါဟာ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိကပါ ယိကပါး လေနဲ့ သွားလုပ်မိလို သူ့ရဲ့ မျိုးချစ်စိတ်က ခွန်းတုန့်မခံ တုန့်ပြန်လိုက်တာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်အကြီးအကဲများကလည်း ဘယ်လောက်အမြော်အမြင်ကြီးမားကြသလဲ ဆိုတော့ ဒီမိုကရေစီမရခင် ဟိုးပဝေသဏီထဲက အမျိုးသားအကျိုးစီးပွားတို့ အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ကာကွယ်နိုင်ရန်အလို့ငှာ ၀ံသာနုရက္ခိတစိတ်ဓါတ် ပြင်းထန်လာစေဖို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအား ဒို့တာဝန် အရေးသုံးပါးကို နေ့စဉ် စဉ်ဆက်မပြတ် နေရာမလပ်စေပဲ အသိပေးပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ကြပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး - ဒို့အရေး။
ကဲကြည့် ခု ပြည်သူလူထုက ကိုယ်သွေးကိုယ်ဖောက်ပြီးမှ ရေသောက်ရမယ်ဆိုရင် ရေငတ်လည်း ငတ်ပစေ အသေခံမယ်လို့ ဆိုသလို ဧရာဝတီကို နှိပ်စက်ကလူလုပ်ပြီးမှ ရလာမဲ့ လျပ်စစ်ကို မသုံးရလည်းနေပါစေ ဒီလိုပဲ ဖယောင်းတိုင်းနဲ့ ကျေနပ်ပါတယ်လို့ ဆိုနေတဲ့ကြားက လူထုက ရွေးကောက်ထားတဲ့ ၀န်ကြီးဆိုသူက နေမကောင်းပါဘူးဆိုမှ ဇွတ် ဆိုသလို ရှေ့ဆက်မယ်ဆိုတာချည်းဆိုတော့ လူထုနဲ့ အစိုးရကြားမှာ ကွဲလွဲမှုတွေရှိလာပြီ။  ရွှေတိဂုံဘုရားပေါ်ကို ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေက ဖိနပ်ကြီးတွေစီးပြီးတက်ကြတော့ မခံမရပ်နိုင်ဖြစ်ကြပြီး လူထုအုံကြွလို့ ကိုလိုနီလိုရက်စက်ကြမ်းကြုတ်တဲ့ ဗြိတိသျှနယ်ချဲ့တွေတောင် လူထုဖက်လိုက်ရောခဲ့သေးတယ်ဗျာ။ တစ်ဖက်က တစ်ဖက်ကို မလိုက်ရောရင် အက်ကြောင်းရဲ့နိဒါန်း စတဲ့ပဲဗျ။ ဒီတော အချိန်များစွာယူပြီး တည်ဆာက်ထားရတဲ့ အနှစ်သာရအပြည့်အ၀နဲ့ ပြည်ထောင်စုကြီး မပြိုကွဲဖို့ ပြည်သူလူထုက သောင်းသောင်းဖျဖျ ရွေးကောက်ထားတဲ့ အစိုးရက လူထုဖက်လိုက်မလား၊ လူထုက အစိုးရဖက်လိုက်မလား။  ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေးပေါ့။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး။
တိုင်းပြည်တစ်ခုမှာ အခြားနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခုက နှစ်ရှည်လာအလုပ်လုပ်တော့မယ်ဆိုရင် လက်ခံထားတဲ့ တိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားအလို့ငှာ အခြေစိုက်လုပ်ကိုင်မဲ့ လုပ်ငန်းရဲ့ လုပ်ပိုင်ခွင့်တွေကို သတ်သတ်မှတ်မှတ် ကန့်သတ်လေ့ရှိပါ တယ်။ ဥပမာ နိုင်ငံခြားအလုပ်သမား ဘယ်လောက်ပဲခန့်ရမယ်ဆိုတာမျိုး။ ဘယ်အဆင့်ကနေ ဘယ်အဆင့်ထိကို နိုင်ငံတော် အစိုးရအနေနဲ့ လွတ်လပ်စွာ စစ်ဆေးခြယ်လှယ်ခွင့် ရှိတယ်ဆိုတာမျိုးတွေ စသဖြင့် စသဖြင့်ပေါ့လေ။ ခုတော့ စကတည်းကို ကိုယ့်နိုင်ငံလဲလာလုပ်သေး၊ ကိုယ့်သွေးသားတိုင်းရင်းသားတွေကလဲ နေရာလည်းဖယ်ပေးရသေး၊ အမယ် နေရာတကာမှာ သူ့အမျိုးသားစာတမ်း၊ သူအမျိုးသားဆိုင်းဘုတ်၊ သူ့အလုပ်သမား၊ သူ့ပစ္စည်းကိရိယာတွေနဲ့ သူ့အဖိုးပိုင်တဲ့မြေ အမွေရလို့ လာရှင်းနေသလိုမျိုး လုပ်ချင်တိုင်းလာလုပ်နေမှတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိကပါး ယိကပါးလုပ်နေသလိုချည်း ဖြစ်နေတယ်လို့ချည်း ခံစားလာရတယ်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး။
ကဲကြည့်ဗျာ။ နောက်ပြီး နဂိုတည်းကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ရယူထားရတဲ့ သွေးချင်းများကြားက ဗမာလူမျိုးတွေအပေါ် ယုံကြည်မှုဟာ ကချင်အမျိုးသားတွေရဲ့ သမိုင်း ဓလေ့ထုံတမ်းစဉ်လာ ကြီးမားတဲ့  မြစ်ဆုံလိုနေရာမျိုး၊ ပြီးတော့ မြစ်ကြီးနားလို အထက်ကရ မြို့ကြီးတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်းမှာ ရေမြုပ်စေနိုင်တယ်ဆိုတဲ့ ကြီးမားလှတဲ့ အန္တရာယ်တောထဲ တွန်းပို့နေတာမျိုးတွေနဲ့တင် ပြန်လည် တည်ဆောက်ရယူနိုင်ဖို့ အတော့်ကိုခဲယဉ်းသွားပြီ။ ကျန်တဲ့ ညီနောင်သားချင်းတွေကလည်း တွေးပြီ။ ဒါကုန်သွားရင် ငါတို့ပိုင်တဲ့ဘက်တွေ လှည့်လာနိုင်တယ် . . . ဒီလိုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမှုဆီ ဦးတည်ရပြန်ရော။ ဒီတော့ကာ ဒါမျိုးမဖြစ်အောင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး။

ဧရာဝတီဟာ မြန်မာတို့ရဲ့အစ၊ ဧရာဝတီဟာ မြန်မာတို့ရဲ့သမိုင်း၊ ဧရာဝတီဟာ မြန်မာတို့ရဲ့မာတာမိခင်၊ ဧရာဝတီဟာ မြန်မာတို့ရဲ့ဘ၀၊ ဒါကြောင့်မို့ ဧရာဝတီအရေးဟာ မြန်မာ့အရေးဖြစ်တယ်။ အမျိုးသားရေး အစစ်ဖြစ်တယ် ဧရာဝတီကို ထိလို့နာတာ၊ ချစ်တဲ့စိတ်နဲ့ ခွန်းတုံ့မခံပြောတာဟာ မျိုးချစ်စိတ်အစစ် ကလာတာဖြစ်တယ်။

 အဆွိလို တရုတ်မတောင် မဟာရံတံတိုင်းကို စကားနဲ့တောင် တင်စီးမခံရင် မြန်မာ့အရေးတစ်ခုလုံးကို ကျွန်တော်တို့က လက်ပိုက် ခေါင်းငိုက်စိုက်ချပြီးကြည့်နေသင့်ပါသလား။ လွန်ခဲ့တဲ့ ၁၈၈၅မှာတုန်းက ဗြိတိသျှတွေက သေနတ်တစ်ချက်မဖေါက်ပဲ မြန်မာနိုင်ငံကို ကိုလိုနီကျွန်ဇာတ်သွင်းခဲ့တယ်။  အခုလည်း သေနတ်တစ်ချက်မဖောက်ပဲ အခြားနိုင်ငံတစ်ခုရဲ့ လက်အောက်ခံ ဆက်ကြေးသွင်း ခရိုင်အဆင့်သာသာ ပြည်နယ်တစ်ခု အဖြစ် မသိမသာ သွတ်သွင်းခံနေရတာကို လက်ပိုက် ခေါင်းငိုက်စိုက်ချပြီးကြည့်နေရင် မြန်မာနိုင်ငံမှာ အမျိုးသားနေ့ နောက်တစ်ရက်ထပ်တိုးဖို့ပဲကျန်တော့တယ်။

အဲလိုနဲ့ အဆွိပြောသွားတဲ့ စကားတွေပြန်ကြားရင်း . . .

ဘာ… ဒါငါတို့ရဲ့ သမိုင်း၊ ငါတို့လေးစားမြတ်နိုးတဲ့ မဟာရံတံတိုင်း၊ ငါတို့ လူမျိုးစုရဲ့ ကြီးကျယ်ခန့်ငြားမှုကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တိုင်ဟဲ့။ ပိုက်ဆံဘယ်လောက်ရရ နင့်တိုင်းပြည်ကြီး ပုံပေးအုံးဟာ မဟာရံတံတိုင်းက အုတ်တစ်လုံးတောင်မရဘူး.. မှတ်ထား။

ထပ်တော့မပြောလိုက်တော့ပါဘူး။ ငါက လေနဲ့တင်ရှိသေးတာဟလို့ . . .
 
 ပဉ္စမမြောက်မျိုးဆက်
၂၀၁၁ခု၊ စက်တင်ဘာလ ၁၅ရက်။

Saturday, August 20, 2011

အရေးကြီးပြီ သွေးစည်းကြစို့

ဧရာဝတီ မြစ်ဆုံဒေသတွင် ဆည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ မျက်နှာစာအုပ်ပေါ်ရှိ စစ်တမ်းကောက်ခံမှုအား ယနေ့ ၁၂-၈-၁၁ နေ့ မြန်မာစံတော်ချိန်ည ၁၀နာရီတိတိအချိန်ထိ စစ်တမ်း ကောက်ခံရရှိမှုအခြေအနေ - 
ပါဝင်ဖြေဆိုသူ စုစုပေါင်း                          - ၃၁၆၄
ဆက်လက်မတည်ဆောက်သင့်ပါ              -၂၉၄၈ (၉၃ %)
ဆက်လက်တည်ဆောက်သင့်ပါသည်          - ၉၆   (၃%)
မိမိတို့နှင့်မသက်ဆိုင်ပါ                           - ၁၂၀  (၄%)

သဘောထားတစ်ခုပေါ်တွင် မိမိ၏ခံယူချက်၊ အမြင်များပေါ်မူတည်၍ မတူညီသောတုန့်ပြန်မှုများရရှိခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ခံယူမိပါသည်။ ထို့အတူ မိမိ၏ ထင်မြင်ချက် ခံစားချက် ယုံကြည်ချက်များ ပေါ်မူတည်၍ ခြိမ်းခြောက်ဖျားယောင်းမှုမရှိဟု တွေးထင်ယူဆမိ၍ မိမိ၏ဆန္ဒသဘောထားကို လွတ်လပ် ပွင့်လင်းစွာ ထုတ်ဖော်ဝံ့ကြ သူများ ဖြစ်သဖြင့် လေးစားမိပါသည်။

မတူညီသော အတွေးအမြင်များစုစည်း၍ ဖွံ့ဖြိုးသောနိုင်ငံအဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းသည် အဆင့်အတန်းမြင့်မား၍ အမြင်ကျယ်သော လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှသာလျင် တည်ဆောက်နိုင်၍ ရပါသည်။ အာဏာရှင်ဆန်သော တစ်သွေး တစ်သံ တစ်မိန့်ဖြင့် ချီတက်လျက်ရှိသော စေစားခံ လူမှုအဖွဲ့အစည်းတစ်ခုတွင်မှု အမြင်မတူလျင် ငါနှင့်မတူ ငါ့ရန်သူဟု ယူဆကြလျက် အမြင်များကွဲ သွေးစည်းမှုများကွဲပြီး ရည်မှန်းရာပန်းတိုင်သို့ မရောက်သို့မရောက်နိုင်ပဲ အစည်းပြေသည့် လူအဖွဲ့အစည်းပုံစံ ဖြစ်မှန်းမသိ ဖြစ်လာကြရပါသည်။ ဆန္ဒသဘောထားဖော်ထုတ်မှုအရ အများဆန္ဒသည် အဓိဖြစ်သည်ဟု ဆိုသော်လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဟုသဘောထားပါက အမြင် ယုံကြည်ချက် မတူသူများအကြား အညိုးအတေးများစွာဖြစ်ပေါ်လာစေပြီးတင်းမာသည့်သဘောဆောင်သည့် လူအဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်သဖြင့် ရေရှည်တည်တံ့ခိုင်မာမှုကို ရနိုင်ရန်ခဲယဉ်းလှပါသည်။

သို့ဖြစ်၍ အမြင်မတူသူများနှင့် ယုံကြည်ချက်မတူသူများ အကြား ရင်ကြားစေ့နိုင်သည့် အဓိက အချက်မှာ မိမိသဘောထား၏ အကြောင်းရင်းခံများကို ပွင့်လင်းစွာဆွေးနွေး တိုင်ပင် ညှိနှိုင်း၍ မတူသူအုပ်စုကွဲများ အတွင်း တစ်ဖက်ဖက်ကို ထိခိုက်နစ်နာမှုနည်းနိုင်သမျှ အနည်းဆုံးရှိသည့် အဖြေကို ပူးပေါင်း ရှာနိုင်ခြင်းပင်ဖြစ်သည်။ ယင်းသို့ အကြောင်းရင်းခံများကို ဆန်းစစ်ရာတွင် ဘာကြောင့် သို့မဟုတ် အဘယ်ကြောင့် မိမိက ယခုကဲ့သို့ ဆန္ဒသဘောထားကို ထုတ်ဖော်ရပါသည်ဟု အကြောင်းရင်းကို တိတိကျကျ ပွင့်လင်းစွာပြောဆိုနိုင်မှုသည် အဓိကကျပါသည်။

သို့ဖြစ်၍ အထက်ပါ စစ်တမ်းတွင်ဖြေကြားသူများအနက်မှ ဆက်လက်မတည်ဆောက်သင့်ပါဟု သဘောထား ခံယူသူများ၏ အကြောင်းရင်းခံများမှာ ကမ္ဘာ့အရပ်ရပ်ရှိ ပစ္စက္ခ ဆည်များ၏ ဆိုးကျိုးများပေါ်အခြေခံလျက် ဆည်ဆက်လက်တည်ဆောက်ခြင်းဖြင့် ဧရာဝတီမြစ်ကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လူမျိုးကိုသော် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်နစ်နာနိုင် သည်ဟု တွေးထင် ယူဆမိပါသည်။

အဆိုပါအချက်များနှင့် လွတ်လပ်စွာ သဘောထားကွဲလွဲ၍ ဆက်လက်မတည်ဆောက်သင့်ပါ သို့မဟုတ် မိမိနှင့် မသက်ဆိုင်ပါဟု ဆန္ဒသဘောထားကို ဖော်ထုတ်ထားသူ ညီအစ်ကိုမောင်နှမများအနေဖြင့် ဘာကြောင့် သို့မဟုတ် အဘယ်ကြောင့် ကျွန်တော်/ကျွန်တော်မတို့က ယခုကဲ့သို့ သဘောထားရပါသည်ကို ထုတ်ဖော်ပြောဆို၍ အပြုသဘောဆောင်ပြောဆိုဆွေးနွေးကြမည် ဆိုလျင် အမြင်မတူသူများကြား ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာ ဆိုသည့် စကားနှင့်အညီ ယုံကြည်ချက်မတူညီသော်လည်း လိုရာပန်းတိုင်ကို ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လှမ်းနိုင်မည့် လမ်းကြောင်းများ ပွင့်လင်းလာနိုင်သည်ဟု ယုံကြည်မိပါသည်။


မောင်မက်စ်
၂၀၁၁ခုနှစ် သြဂုတ်လ ၁၂ရက်။

Thursday, July 28, 2011

THE KISS

DUR KUSS

I remember a gentle and warm kiss on my cheek.   And eyes with a very loving look too.  I believe I was enjoying the affectionate kiss on my cheek and I longed for more.  Without a doubt, it was one of the grateful and memorable moments of my life.  It was the first time I remembered my mom kissed me on my cheek.  It was so pleasant and a wonderful experience.  That’s how I learned about a kiss. A very affectionate kiss from a mother to her lovely son.    Every time I think of it, I feel good and nice.  It gives me energy and motivation.  So sweet!

In fact, there are many types of kiss – cheek kiss, French kiss, kiss of peace, kiss of respect, platonic kiss, romantic kiss, etc.   Wiki states that the word “a kiss” is a descendent of the old English word “cyssan" meaning “to kiss".  Many literatures and scientific research on human’s kissing are readily available online.  They all indicate only one thing in common – a kiss is an act of expression of affection and love of human beings.  Did Adam kiss Eve in the Garden of Eden?  Who teach Homo sapiens about kissing?  An origin of human’s kissing remains unknown.  Some scholars highlight that kissing is associated with the level of civilization.  Does it really matter?  No one cares and we kiss nevertheless to express affection and love to one another.  Kissing is in fact beneficial to our health as it involves movement of the lower jaw (the sole movable bone in the head) and contraction of 34 muscles in the face, neck and head -- principally the orbicularis orbis, which surrounds the mouth and allows the lips to pucker. There are top ten health benefits from kissing.  Another research indicates that 10% of human population does not know well about kissing.  May be they are also in need of expressing their loves to others too.       

Is a kiss considered a sin?  If so, love wouldn’t be preached to us in the first place.   A kiss is an act of love and a sign of affection.  No doubt, kiss is not a sin in any way.  Viktor Frankl said, love is the ultimate and the highest goal to which man can aspire.  To live and survive, love is essential.  And love and kiss is inseparable.  Kiss is thus also necessary for all human being.  It could be a kiss from a mother as well as from loved ones.  Life is tough and a long journey!  With love and sweet kisses along the way, I believe, life becomes a pleasant journey.

Max
26 July 2011   

References:
Picture: http://www.weddingcometrue.com/wp-content/uploads/2010/05/lip-kissing.jpg   

Wednesday, July 20, 2011

Irrawaddy: the sole reason for existence of Myanmar




Though I wasn’t born in the caveman era, I can say for sure that today’s Myanmar (Burma) exist because of Irrawaddy.  It’s just a simple but plausible guess.  In those old days, cavemen look only for very basic things: food, shelter, water.  Irrawaddy attracts many cavemen’s along the way to gradually start our civilization.  As early as back in the 6th Century, Irrawaddy has been serving uncountable ancestors of Myanmar in many ways. If Irrawaddy were a person, she actually gives breastfeeding our ancestors and all of us.  Rice we have as a staple food is usually coming from the Irrawaddy’s delta aka the rice bowl of Myanmar.  Without making any complaint, she carries us on her back transport from lower to upper parts of the country.   In short, Irrawaddy helps Myanmar to grow and glow for centuries.  She is indeed our mother and Myanmar lifelong guardian angel.  She is so many things for so many people we owes her so very much in so many lives.  Now she is being threatened and in danger.  Some wants to take her away from you forever.

Today, millions of people talk about capricious climate changes in every corner of the world.  Most of these changes are resulted from, I believe, though I can’t quote statistically here, from many reckless actions by imprudent and irresponsible states’ actors i.e. governments.  Many of their actions tamper with nature and as a result millions of people suffer from the consequences arose. 

Most of the environmental problems we are facing today would have been avoided if many of states’ actors in old days take time to think long-term consequences prior to carrying out certain policies and particular actions which may have negative impact on nature and ecology.  Instead, in the race of development, nations take actions and formulate polices solely based on economic interest rather than the interests of the public or mother-nature.    
 “The Great Chinese Famine” aka “three bitter years” during Mao era in China in which both draught/bad weather & bad policies claimed more than 20 millions of people can be seen as an example of state’s actions based on economic interest.  Not only China, but also US which now have spending great deal of tax payers’ money on fixing the problems created by the dams they have built in an half-century.   With very little understanding of dams and their impacts on river, fifty years ago, the United States rushed into a water development program.

China, one of the fastest growing economies in the world, takes seriously of its environmental issues at home.  Many environmental related policies are laid down and formulated to limit various actions which have negative impacts to environment. For instance, logging is widely banned in China.  However, China is a growing giant which craves for natural resources including energy.  Since it doesn’t want to hurt itself, based solely on economic interest, it engages with neighboring nations who are willing to fulfill its need.  Social responsibility of Chinese Government towards citizenries from neighboring countries is very obvious to notice.  Chinese Government is notoriously famous that it will engage in any arbitrary actions towards people in other nations as long as its national interests are served.

China knows well about dams and its negative impact on rivers.  Recently, Chinese government admitted and acknowledged the problems of Three Gorges Dam – the world’s largest hydropower plant in China.  Since, it doesn’t want to hurt itself more, its energy resources for nation’s growth are outsourced.  Many teak forests from Myanmar have been disappeared during the short period of time.  So are jades and rubies. 

With agreement of Myanmar government, a Chinese company whose is backed up by the Chinese government is building the largest hydroelectricity project with seven large Dams in the area where two rivers meet making Irrawaddy to flow downstream.  The electricity from this project is mainly for the use in China.   The size of the project is as big as New York City.  I have no idea how these so-called patriotic and nationalistic Generals make this kind of agreement at the expense of Irrawaddy River.  We owe her so much.  In the end, we just sell her out.  It has invaluable historical and cultural values to Myanmar civilization.  With every patriotic blood cell in my vein, I urge all Myanmar people to join hand in hand to help and protect Irrawaddy from being harmed.  She is the sole reason we exist as Myanmar today.  Save Irrawaddy, please. 

Max
20 July 2011

Reference:

Image Source:
http://upload.wikimedia.org/wikipedia/commons/4/45/Sagaing3.jpg 
http://resources1.news.com.au/images/2011/06/02/1226067/727997-escape-irrawaddy.jpg  

Monday, July 11, 2011

The Forgotten


The Forgotten

As far as I remember, Van Gogh was not the one who introduced to one of his world renowned paintings called, “Potatoes Eaters”.  It was Htoo Ein Thin, a late famous singer from Burma (Myanmar).  A song of his was dedicated to Van Gogh.  A line of lyrics described about facial expression of Van Gogh’s Potatoes Eaters somewhere in the song.  I was in my teen hood when I first noticed the phrase, “The Potatoes Eaters”.  I wondered what’s wrong with their facial expressions and how they looked like? 
    


If one takes a closer look on the painting for a while, he/she would agree with me that every faces (except the lady who is sitting opposite to viewers) in this painting are disproportionately drawn up making their faces unsightly.  It seems the adept painter wishes to convey uncomfortable and distressing moment to its viewer when looking at his masterpiece. It indeed mirrors the hard truth of ugly moments and unbalanced life of poor people in a society which usually average people fail to notice.  Without a doubt, I feel depressed and morose by seeing faces of the Potatoes Eaters.  I felt in a way this painting is saturated with feelings of bitterness and ugliness.   

The people in the painting are eating only potatoes.  Why not bread and butter?  Why not rice and some red meat?  Have you ever eaten potatoes only as a meal?  If we were to eat only potatoes as meals in our daily life, I’m sure our facial expressions will be the same way Van Gogh’s illustrated faces in this painting.

Destitute people in a society make scarcity and paucity their friends forever.  Except very few, these impoverished people are forced to lead a struggling and detrimental hardship life by circumstances and socio-eco conditions they are in.     Survival is the only priority in their daily life.  Nothing else.  Whatever they can earn usually goes for daily consumption of low-priced food. Potatoes!!! 

A small dining room with a very dim light from an old oil lamp in the painting reflects the way poor people stay.  It vividly highlights the space – freedom & liberty.  Since survival scores “A” in the life of poor, a place to stay becomes “B”.  Not a priority.  As long as they have a shelter, they will be pleased to stay in for a rainy night and a sunny day.   With no saving and no time to think of other priorities such as education to improve their life, theirs vicious cycle continues.  For countless many unfortunates, generation to generation. 

Van Gogh is trying to describe the life of urban-poor in 1800s in Europe.  My thoughts go beyond boundaries of cities, urbanized communities and normal circumstances.  It forces me to think of survivors of manmade and natural disasters around the world.  How are they copying their daily uncomfortable moments? Are their faces are disproportionately drawn up by situations they are in.  How is their tomorrow going to be?  Will there be any tomorrow for them? How about those refugees in the camps along the nations’ borders or in between states? Series of questions come to me as my train-thoughts moves on. 



These destitute families are usually forgotten in our society.  We don’t usually think of how they live and what they have for meals.  With candor, Van Gogh’s Potatoes Eaters remind me of my unfinished little works in my capacity for those forgotten people in life.  I must not forget them.

Max
11 July 2011 

Images Sources:
[Children from an isolated Irrawaddy Delta village, which is accessible only by boat, waiting on Friday to receive donated food.]

 

Friday, July 8, 2011

What I see and feel about “The Scream”

Despite I’ve seen it several times in the past, I didn’t know who painted “The Scream” for a very long period of time.  Nonetheless every time I see it, I hear a very eerie and peculiar sound of screaming.  And it sounds loudly in my heart too.  I felt as if he is screaming from top of his lungs.  I can see the pain of a painter through his masterpiece.  It is so dry that I can also feel his loneliness.  Suffering is all around him.  The heat from the painting is so intense and it mirrors in the hearts of all viewers.  No wonder everyone who sees it also feels the pain and hears loud and depressing scream. 

Have you ever screamed? If your answer is yes, just think of the reason why you screamed.  Was it because of physical pain?  Or emotionally hurt? Or out of fear?  We scream because we are severely hurt either physically or emotionally.  In other words, suffering makes us shout aloud to let other know that we are in pain. 

This painting, “The Scream”, makes me think of some key chains I’ve seen in one of the magazines some decades ago.  I’m not sure they still exist these days.  They were made from heads of small animals like squirrels, tiny monkeys, etc.  The strange thing was their facial expressions.   They all were screaming as if they were in deep pain before they died.  After I realized the way they were made, I was thrilled and felt disgusted of those people who made these types of key chains.  These small animals were put in very small cages with lids which has a tiny hole.  Only their heads were out from these tiny holes of lids.  Then they were suddenly pricked with pin.  They screamed out of pain.  While they screamed, they were beheaded to capture their frightful facial expressions.  It’s so cruel.  What a unspeakable thing of human act.  I don’t know what kind of people buys these types of key chains.  The whole process is very inhumane and gruesome.  Thus, screaming usually comes out of pain or fear.
  
To me at least, “The Scream” represents suffering.  It vividly illustrates the suffering of being a human.  That’s the very essence Buddha said 2,500 years ago.  Life, in its true color, is full of suffering.  We all cannot see its true color because of greed, hatred and delusions we have in our mind always.  They trick our eyes to see life’s true form.  Only those who with full of consciousness can distinguish what is real from illusion.  I believe Edvard Munch who was one of the great painters of 19th Century attained some form of mindfulness by paintings repeatedly with a very concentrated mind and he was able to see life’s true form somehow.  Most of his paintings indicate suffering of human being in one form or another.  He sees human suffering in everywhere.  He made sure he captured those sufferings in almost all his paintings.  One of his poems also highlighted his phenomenon on impermanence of life too.   

It says:
“From my rotting body,
flowers shall grow
and I am in them
and that is eternity.”
~ Edvard Munch ~

Every time I see “The Scream”, I hear a very eerie and peculiar sound of screaming. It reminds me of the true color of life... the suffering.

Max
5 July 2011

ဒဏ်ရာဗရပွနဲ့ ပညာသည် ငါးတန်ကြီး ဆရာ ချစ်စံဝင်း၏ ပညာနှင့် နိုင်ငံဖွံ့ဖြိုးမှု အကြောင်း ခံစားကြည့်ခြင်း။

ဒဏ်ရာဗရပွနဲ့ ပညာသည် ငါးတန်ကြီး ဆရာ ချစ်စံဝင်း၏ ပညာနှင့် နိုင်ငံဖွံ့ဖြိုးမှု အကြောင်း ခံစားကြည့်ခြင်း။

စင်ကာပူနိုင်ငံ စာပေချစ်မြတ်နိုးသူများအသင်း၏ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ တွင် လောကီ လောကရေးရာတို့တွင်နှံ့စပ် အပြားပြားသောအကြောင်းအရာ အဖုံဖုံတို့ကို တတ်သိကုံလုံ နားလည်ကြသည့် ပြည်သူချစ်သော စာပေအနုပညာရှင် စာရေးဆရာ၊ ဆရာမကြီးများ ၏ မြန်မာဟန် မြန်မာမာန် မြန်မာသံ စစ်စစ်များနှင့် မြန်မာဆန်သော ဟောကြားချက်များကို မှတ်မှတ် သားသားနားစိုက်ထောင်ခွင့်ရခဲ့သည့် အတွက် အလွန်အမင်းဝမ်းမြောက်ဝမ်းသာနှင့် ကြည်နူးပီတိဖြစ်မိတယ်ဗျာ။ (အမယ် ဇာတ်သံနှောပြောနေသလိုမျိုးတောင် ဖြစ်နေတယ်။ နတ်သံ မနှောတာ တော်တာပေါ့ဗျာ။)

ဒီလောက် အချိန်ဆင်းရဲမွဲတေနေတဲ့ သီဟပူရတိုင်းပြည် (ဆရာနေ၀င်းမြင့်ရဲ့စကားလုံး ကြိုက်လို့ ငှားသုံးတာပါဗျာ။) လိုမျိုးမှာ တကယ့်ကို ကိုယ်ကျိုးမဖက် စာပေနှင့် လူမျိုး အကျိုးအတွက် ယူနီဖောင်းမ၀တ် အဓိဋ္ဌာန်မဆိုပဲ စနစ်တကျနှင့် စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့  စာပေချစ်မြတ်နိုးသူများအသင်း၊ လုပ်အားပေးလူငယ်များနှင့် ပံ့ပိုးကူညီကြသူများအားလုံးကိုလဲ အရမ်းကို ချီးကျူးလေးစားတယ်ဗျာ။ တကယ်ကို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။

ဆရာ၊ ဆရာမကြီးတွေရဲ့ စာပေကိုချစ်မြတ်နိုးမှု၊ အမျိုး၊ ဘာသာအပေါ် အလေးထားမှုနှင့် စာပေပညာ ဂုဏ်များမှာ အရမ်းကို အထင်ကြီးလေးစား အားကျစရာကောင်းတယ် ဗျာ။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူနေမှုဘ၀တွေ ကွက်ကွက်ကွင်းကွင်း ထင်မြင်မိတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံတွေနဲ့ ဆက်စပ်ရောမွှေထားတဲ့ ဟောချက် ပြောချက်တွေကလဲ ကောင်းမှကောင်း ထိမှထိ မိမှမိ ဗျို့။ အချိန်တိုတိုလေးထဲ မြန်မာမှုအဘိဓာန် စာအုပ်ကြီးတွေ တအုပ်ပြီး တအုပ်ထိုင်ဖတ်ရသလိုမျိုးဗျာ။ စာပေဟောပြောပွဲပြီးသွားပေမဲ့ များစွာ များစွာသော အကြောင်းအရာ တွေ ရင်ထဲမှ ဟိုတစ်စ ဒီတစ်စ တွယ်ငြိ စွဲကပ် ကျန်နေပြီး စာလုံးတွေ ရင်ထဲတစ္ဆေခြောက်သလိုချည်း ဖြစ်နေတယ်ဗျာ။

မှတ်သား တွေးတောရတဲ့ အဲ့လိုအချက်တွေထဲက ဆရာချစ်စံဝင်းပြောတဲ့ နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ပထမဦးစားပေးရမှာက ပညာရေး၊ ဒုတိယဦးစားပေးရမှာက ပညာရေး၊ တတိယ ဦးစားပေးရမှာက ပညာရေး ဆိုတဲ့ ပညာရေးဦးစားပေးရေးကဏ္ဍကို ဘာကြောင့်ရယ်မှန်းမသိ ရင်ထဲမှာ အကြိမ်ကြိမ်တွေးမိနေတယ်။ အဲလိုတွေးရင်းက ရင်ထဲမှာ ရေးစရာလေးတွေ အစီအရီ တန်းစီဝင်လာလို့ ဦးဏှောက်ကို အတွေးပေါ် လမ်းလျောက်ခိုင်းရင်း ခလုပ်တွေကို ဟိုနှိပ် ဒီနှိပ်လုပ်မိလာတယ်ဗျာ။  ဦးဏှောက်ကြီးတောင် အသုံးမချဖြစ်တာ ကြာလို့ မှိုတက်ပြီး မှိုင်းမိသလိုချည်းဖြစ်နေတယ်။ ရေးရတာ ဟိုရောက် ဒီရောက်နဲ့ အပေါက်အလမ်းကို မတည့်ဘူး။ ပညာတွေမှိုတက်တယ်ဆိုတာ ဂလိုပါလားလို့တွေးရင်း . . . သြော် ပညာ ပညာ ပညာ . . . .

အထူးသဖြင့် ဆရာချစ်စံဝင်း ပြောတဲ့ဒီစကားစုကို ကျွန်တော်ရင်းရင်းနှီးနှီးကြားဘူးသလိုချည်းဖြစ်နေတယ်။ ကွဲကွာနေတဲ့ သူငယ်ချင်းကိုမြင်ပြီး နာမည်မေ့သလိုမျိုးချည်းဗျာ။ ရင်ထဲ အဲလိုဖီလင်ချည်း ဖြစ်နေတယ်။  ဒါနဲ့ မကိုင်တာ ကြာပြီဖြစ်လို့ ဖုံရွရွတက်နေတဲ့ စာအုပ်အဟောင်းပုံလေးကို ဖွမိတယ်ဗျာ။ လားလား မင်းဘယ်ပြေးမလဲ မိချိုသဲ။ ဟုတ်သေးပါဘူး ဘယ်က မိချိုသဲတုန်း။ ဒီမှာ ပညာအကြောင်းရေးနေပါတယ်ဆိုမှ။ ၂၀၀၆ခု နိုဝင်ဘာက ဆရာကျော်ဝင်း မြန်မာမှုပြုထားတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတေချည်း စုစည်းထုပ်ထားတဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်နောက်ကြောဖုံးမှာပေါ့ဗျာ။ ဂလိုလေး ရေးထားတယ်။

ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ပြောခဲ့ခဲ့ဖူးသည်။“ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”. . .  ဟူ၏။

အဲသလိုရေးထားတာကို တွေ့တော့မှ ပြာဂလောင် ပြာလချောင်လို ဂလိုကိုးလို့ရေရွတ်ရင်း ဆရာချစ်စံဝင်း၏ စကားစုနှင့် ဂလိုသူငယ်ချင်းဖြစ်ခဲ့ အဖွဲ့ဖြစ်ခဲ့သည်ကို အမှတ်ရသွားတယ်ဗျို့။ ထပ်စဉ်းစားမိတော့ ဒါတင် ဘယ်ဟုတ်သေးမတုန်း အခုဒီမိုကရေစီအရပ်သားအစိုးရရဲ့ ခေါင်းကိုင်ဆရာ နအဖ မတိုင်ခင်၊ န၀တ လက်ထက်မှာလည်း ပညာရေးဝန်ကြီး အရပ်သားလူထွက် ညတွင်းချင်းဗိုလ်မှူးကြီး ဖေသိန်းကလဲ ဒါမျိုးပြောခဲ့တာကို အမှတ်ရပြန်ရော။ နောက်တခါ ပညာရေးဝန်ကြီး ဦးပန်းအောင်ကလဲ ဒါမျိုး ဆန်ဆန်ပြောခဲ့တာကို တွေးမိပြန်ရော။ အဲဒီလိုတွေးကြည့်တော့မှာ ဒီစကားစုကို လူတော်တော်များများနဲ့ အစိုးရတော်တော်များများ ဥဒဟို ရေးခဲ့ ပြောခဲ့တာပါလားလို့ တွေးမိတော့ လက်စွဲတော် ဂူးဂဲလ်နှင့် ကမ္ဘာပတ်ကြည့်။ အမယ် အရင် ဘလဲတင် ဘယ်ဟုတ်လိမ့် မတုန်း အခုဘရောင်းကြီး လည်းပြောသဟဲ့၊ ယူဂန်ဒါက အစိုးရကလည်း ပြောသဟဲ့၊ စသဖြင့် စသဖြင့် များစွာသော နိုင်ငံများ အထင်ကရပုဂ္ဂိုလ် တော်တော်များများရော ဒါမျိုးချည်းလှိမ့်ပြောနေတာ တွေ့ရပြန်ရော။ အင်းပြောမှာပေါ့ ပညာခေတ်ကို။ ဘာတဲ့ ပညာတတ် အလုပ်သမားတဲ့။ ပညာအခြေခံစီပွားရေး၊ ပညာအခြေခံ လူမှုအဖွဲ့အစည်း၊ ပညာအခြေခံ ညာဘာ၊  ပညာအခြေခံ ဘာညာ။ သြော် ပညာတွေဖောင်းပွနေတဲ့ ပညာခေတ်ကိုး။ ဂလောက်တော့ လုပ်ရမှာပေါ့။

ရေးချင်တာက ထိုကမ္ဘာလုံးခြုံ ပညာရေးအကြောင်းမဟုတ်။ ကိုယ်ချစ်သော ကိုယ့်နိုင်ငံ အကြောင်း၊ ဆရာကိုတာ့ စကားငှားပြောရရင် စိမ်းတဲ့မြေ အကြောင်း၊ ကိုမင်းကိုနိုင်စကားငှားပြောရရင် ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံစိုက်ချင်တဲ့မြေ အကြောင်း။ ဘာပဲပြောပြော။ ကျွန်တော့်တို့ ဒေါင်းနိုင်ငံ (အောက်သို့စိုက်ကျ ခြင်းကိုဆိုလိုသည်မဟုတ် သီဟပူရကိုအားကျမိ၍) က ခေတ်ရှေ့ပြေးတယ်ဗျ။ ယုံချင်ယုံမယုံချင်နေ။ တိုနီဘလဲရဲ့ ပြုပြင်ပြောင်းလဲမှု မတိုင်ခင် ဆယ်စုနှစ်တစ်စုလောက်စောပြီး ဒါမျိုးတွေ ပြောခဲ့တာ။  အဲလောက့် ကို လန်းခဲ့တာနော်။ အပြောတင်မဟုတ် အကောင်အထည်လည်း ဖော်ခဲ့ပါတယ်။ ဖော်တာမှ ကျောင်းမျိုးစုံ၊ ကောလိပ်ပေါင်းစုံကို တိုင်းပြည်နေရာအနှံ့မှာဖွင့် ပညာရေးလက်တံကိုရှည်နိုင်သမျှရှည်စေခဲ့ပြီး များစွာသော ပညာတတ်များကို မွေးထုတ်နိုင်ရန် ကြိုးပမ်းခဲ့တယ်။ ဆရာအော်ပီကျယ်ပြောသလို ကမ္ဘာပေါ်တွင် ကျောင်းနှင့် တက္ကသိုလ် အများဆုံးနိုင်ငံစာရင်းဝင်ရန် ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းခဲ့သည့်အတိုင်းလည်း မြန်မာ လူငယ် တော်တော်များများ  တက္ကသိုလ်ဘွဲ့ရ ပညာတတ်များဖြစ်လာခဲ့ကြတယ်။ ဟုတ်ပြီ။ ဖော်မြူလာအတိုင်းဆို ပညာတတ်များလျင် နိုင်ငံတော်ဖွံ့ဖြိုးရမည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲထက် ဆယ်စုနှစ်တမျှ အကွက်သာခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံ အခုအချိန်မှာ ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံစာရင်းတွင် ထိပ်ဆုံးနေရာ နီးနီးရောက်လုနေပြီ။ အောက်ဆုံးကနေပြန်ကြည့်ရင် ပြောပါတယ်။ အာဖရိကမှ နိုင်ငံတော်တော်များနှင့် သူတင် ကိုယ်တင်လုနေသည်။ အိမ်နီးချင်းကောင်း ပေါက်ဖော်ကြီးများ ဘာဘူမွတ်တားတို့က အပေါ်စီးမှ ထိပ်ပုတ်ခေါင်းပုတ်နှင့် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားနှင့် ကြီးပွားချင်တိုင်း ကြီးပွား ချင်တိုင်းကြီးပွားနေကြပြီ။ ကျွန်တော်တို့တွေ ဆင်းရဲတွင်းနက်တုန်း။ သူတို့တွေ ဒို့ဆီကထွက်တဲ့ အဆီနဲ့ အသားကို လွှေ့ပြီး တသွေးတမွေးဖြစ်နေကြချိန်မှာ ကျွန်တော်တို့တွေ ကျောမွဲလူတန်းစားဖြစ်တုန်း။ စာအုပ်အနီလေးနဲ့ အပြင်ထွက်တိုင်း အနှိမ်ခံ နေရတုန်း။ ဘာကြောင့်တုန်း။ အတန်အသင့် ပညာတတ်သည်ဟု ကိုယ့်ကိုကိုယ်ထင်မိသော ကျွန်တော် မသိခဲ့။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော တပ်မတော်မှအငြိမ်းစား ဗိုလ်မှူးကြီး ကျွန်တော့်ကို ပြောသလို တခုခုတော့ မှားနေတယ် ဟုသာ …. ။ မတွေးတတ်ခဲ့၊ မတွေးရဲခဲ့။

ယခုဟောပြောပွဲမှာ ဆရာအောင်သင်း ပြောလိုက်မှ  ကျွန်တော့်ရင်ထဲတွင် သိချင် မြင်ချင်နေသော အရာကို စင်းစင်းကြီး တွေ့လိုက်ရသည်။ ဆရာအောင်သင်းတောင် သိင်္ဂသူသမီးထံမှ သိတာမကြာသေးဟု ၀န်ခံခဲ့သည်။ “…….ပညာကိုသိသော၊ အကြောင်းကိုသိသောသူ ဖြစ်ရပါလို၏” လို့ သိင်္ဂသူသမီးက သူမကျောက်စာတွင် ရေးထိုးထားကြောင်းနှင့် ပညာဟူသည် အကြောင်းကို သိခြင်းဟု ဆရာအောင်သင်းက ပြောမှ ကျွန်တော့်ရင်ထဲ ဂလိုကိုးဟု ထင်းကနဲ လင်းကနဲ ဖြစ်သွားတော့တယ်။

ပညာတတ်၊ ပညာရှင်ဟူသည် အကျိုးတစ်ခုခုကို တွေ့ရလျင် အကြောင်းကို တွေးဆမှန်း၍ ဤသို့တည်း ဟု ကောက်ချက်ချနိုင်ကာ ကြောင်းကျိုးနိယာမကို ချိန်ဆ၍ ပြုသင့်တာပြု ပြင်သင့်တာပြင် ဖျက်သင့်တာဖျက် ၍ လောကဓမ္မကို ထိန်းသိမ်းနိုင်ကြသူများဟု ကျွန်တော်ဆိုချင်သည်။ အထူးသဖြင့် ဘာကြောင့် ဆိုသည်ကို သိ၍ ဘာကို ဘယ်လို လုပ်သင့်သည်ဟု အကြံပြု လမ်းပြနိုင်သူများဟု ကျွန်တော်မြင်သည်။ ကျွန်တော့်တို့နိုင်ငံတွင် ပညာတတ်များပေါလှပါ၏။ သို့ပေသိ ပညာဖြင့် လမ်းပြနိုင်သူ အကြံပြုနိုင်သူများနှင့် ထိုသို့အခွင့်အရေးများမှာ နိုင်ငံအတွင်း ရှာမှရှားလာရပါတော့သည်။ ရှားရှားပါးပါး ပညာဖြင့် လမ်းပြသူများလည်းရှိပါသေးသည်။ သို့ရာတွင် ဘာကြောင့်ဖြစ်သည်ဆိုသည်ကို မကြားလို လက်မခံလိုပဲ ရေဘူးပေါက်တာမလို ရေပါတာပဲလိုချင်သူများကြောင့် ကျွန်တော်တို့နိုင်ငံတွင် မိုးလေ၀သကိုပါ မကောင်းဘူးဟုသိလာလျင် အသစ်လဲဖို့ကြိုးပမ်းကြတော့သည်။ မယောင်ရာ ဆီလူး ကြရတော့သည်။ နိုင်ငံပတ်လုံး ကြက်ဆူပင်စိုက်၍ ကမ္ဘာကြီးနာမကျန်းဖြစ်နေမှုကို ကက်ကင်းဖြင့် ကုဖို့ ကြိုးစားလာကြတော့သည်။

အကြောင်းကိုသိသောသူကို အကြောင်းမသိရန်နှုတ်ပိတ်ခြင်း မမြင်ချင်ဟန်ဆောင်ခိုင်းခြင်းသည် ပညာရှိသော သူကို ပညာမဲ့ဖြစ်ရန် သို့တည်းမဟုတ် လောကဓမ္မကို အဓမ္မသို့ တွန်းပို့ခြင်းမည်၏ဟု ကျွန်တော်မြင်သည်။

ကိုလိုနီ အင်္ဂလိပ်ခေတ်က ကျွန်စနစ်သက်ဆိုးရှည်စေရန် ပညာတတ်များ မွေးထုတ်ခဲ့သည်။ အရှင်သခင်များ၏ ငါခိုင်းတာလုပ်၊ ငါပြောတာလောက်သာ လုပ်နိုင်ရန်အတွက် အရည်အချင်းပြည့်မီ ကျွန်ပညာရှင်များကို မွေးထုတ်ခဲ့၏။  ၀ံသာနုစိတ်ပြင်းထန်းသော အမျိုးသားရေးတက်ကြွသည့် သခင်များ၏ ကျေးဇူးကြောင့် မဟုတ်မခံ မမှန်လျင် ထောက်ပြပြောရဲသည့် လူလူချင်းအညံ့မခံ သခင်စိတ်ဓါတ် အမျိုးသားကျောင်းများမှသည် လွတ်လပ်ရေးကို တက်လှမ်းနိုင်ခဲ့ကြသည်။ ခေတ်ပြောင်းတော်လှန်ရေးကို လုပ်နိုင်ခဲ့ကြသည်။ ယခုလည်း ညံ့ဖျင်း ဆုတ်ယုတ်နေသည့် ခေတ်မှ တိုးတက်သည့် နိုင်ငံတော်သစ် ကိုပြောင်းလဲနိုင်ရန် ပညာသည် အရေးကြီးသည် မှန်၏။ သို့ရာတွင် ပို၍အရေးကြီးသည်မှာ နိုင်ငံယန္တရားလည်ပတ်ရန်အတွက်သာ ပညာတတ်အလုပ်သမားများ (Knowledge Worker) လိုသည်မဟုတ် ဥာဏ်ပညာနှင့် ပြည့်စုံသည့် ပညာရဲရင့်ပွဲလယ်တင့်သည့် အမှန်ကို အမှန်အတိုင်းတင်ပြနိုင်သည့် ဥာဏ်ပညာရှင်များ (Wise Guys) နှင့်  အမှန်ကို အမှန်အတိုင်း ပြောခွင့် ရေးခွင့် တင်ပြခွင့်ရှိပြီး ယင်းသို့တင်ပြမှုများကို ငါနဲ့မတူငါ့ရန်သူဟု သဘောမထား၊ ငါနဲ့ ငါ့အမျိုးကောင်းစားရေးအတွက်မဟုတ် နိုင်ငံနှင့် လူမျိုးကောင်းစားရေးကိုသာ ဗဟိုပြု၍ ပြည်သူ့အကျိုးကိုရှေ့တန်းထား စေတနာအပြည့်နှင့် သမာသမတ်ရှိရှိ အုပ်ချုပ်သူလူတန်းစားလိုအပ်နေသည်ဟု ကျွန်တော်ထင်မြင်မိသည်။

ဥာဏ်ပညာရှင်များ၏ ဘက်မလိုက် ပွင့်ပွင့်လင်းလင်း အကြံပြုချက်များကို အရေးတယူ သိသိသာသာ လက်ခံ နာယူ လိုက်နာကျင့်သုံးမှသာလျင် နိုင်ငံတိုးတက် ပြောင်းလဲ ကြီးပွားနိုင်သည်ဟု ကျွန်တော်တွေးထင်မိသည်။ ပညာတစ်ခုတည်းနှင့် ရပ်တည်၍မရ။ ပညာတတ်ပြီး ဗုံးဖောက်နေသူတွေ။ ပညာတတ်ပြီး တဖက်သားကို ချောက်ချနေသူတွေ ဒုနဲ့ဒေး။ ပညာကိုအသုံးချပြီး ကိုယ်ကျိုးသက်သက်အတွက်သာ သုံးနေသူတွေ မနည်း။ ပညာဘေးထွက်ဆိုးကျိုးတွေအများကြီး။ ဒါကြောင့် အမရပူရဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိဖို့ပထမဟု ဆိုဆုံးမထားခြင်းဖြစ်မည်။ ကျွန်တော်တို့တွေ စိတ်ကောင်းရှိဖို့လိုပြီ။ ကျွန်တော်တို့လိုပြည်သူတွေတင်မဟုတ် နိုင်ငံတော်ဟု ခံယူထားသောသူများလဲ စိတ်ကောင်းရှိရမည်။

 ပညာကို အဓိက သင်ရခြင်းသည် အကျိုးတရားတို့၏ အကြောင်းအမှန်ကိုသိရန် ကြံစည်တွေးတော လေ့လာပိုင်းခြားခြင်းဖြစ်သည်နှင့် အညီ၊ လွတ်လပ်ခြင်း၊ မျှတခြင်း၊ ညီညွတ်ခြင်း၊ ခွင့်တူညီမျှရှိခြင်း စတဲ့ လောကဓမ္မဆိုင်ရာ တန်ဖိုးများကိုလည်း ပညာနည်းတူ မြှင့်တင်နိုင်ရမည်။ သဘောထားများ ဦးတည်ချက်များကို ထပ်ခါတလဲလဲ ပုံသာပုံနှိပ်ပြီး လက်တွေ့ မကျင့်သုံးသ၍ ပညာတတ်ပြီး ပညာမဲ့တို့၏ လုပ်ရပ်ဖြစ်သော ကြီးနိုင်ငယ်ညှင်းတောတွင်းဝါဒကြီးစိုးနေသေးသ၍ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးသည် ပညာရေးကဏ္ဍတစ်ခုတည်း မြှင့်တင်ရုံနှင့် မလုံလောက် အဟန့်အတားများစွာ ဆက်ကလက်ကြုံနေမည်ဟု ကျွန်တော် ခံစား နားလည်မိပါတော့သည်။

ပုကီ
၂၀၁၁ ခု၊ ဇွန်လ ၁ရက်။

Thursday, July 7, 2011

Why is humility the key for enduring greatness?

Very often in the past I used to hear the word, humility.  Without understanding its meaning well and having similar phonetics, I thought it was an adjective form of humiliation.  What a thought I had! 

In fact, despite they are similarly spelled and next to each other in a dictionary, their meanings differ and oppose each other.  Humiliate means to make somebody feel ashamed or stupid and lose the respect of other people. It has a very negative and downbeat sense.  On the other hand, humility is the quality of not thinking that you are better than other people or the quality of being humble.  It has very positive and upbeat value.  And I later learn that this is the very quality needed in building enduring greatness in life.  It is one of the virtues shared by many great leaders from the past and the present the world over. 

Without saying a word, through their countless self-effacing actions, they all let us know that humility is the key to endure greatness.  Humility is the mental state in which you have given up your place for others.  A place for pride no longer exists.  Humbleness engulfs the selfishness.  A person with humility is brave enough to give credit where credit is due.  Preference to capture all the glory for him/her vanishes.

It is indeed a very rare characteristic for many successful people.  Every now and then, we hear sad ending stories of these very successful men and women around the world.  Not many people can sustain their successful lives.  Why so?  Most of the successful people have pride and arrogance.  They all believe that they are the smartest in the crowd or the biggest fish in a pond.  A person without humility tends to humiliate or disgrace others.  They turn their friends into foes.  Without humility and being thinking the smartest, they stop learning from others as well as from their own mistakes.  They transform themselves into unwise men and women.  They no longer listen from others who care for them.  They misapprehend all the circumstances and situations they are in.  They do not think to apologize for their wrong doings.  They become heartless and keep doing mistakes again and again.  In very short, lack of humility leads one to stop learning and misconstrue all the contexts.   Downfall is the end result.

Though humility is not a tangible commodity, we know it when we see it and feel it when we hear it.  Everyone loves those with humility.  Every religion in the world preaches and praises about humility.  Buddha asked his disciples to give up all possessions and go from house to house to bag food in order to understand about the humility and disassociate ones from the pride.  Jesus preached his believers to live modest and forgive enemies.  Many stories on humility can be taken from the Dhammapada, the Bible and the Holy Koran.  All religions in the world teach everyone to live in modesty.      

Elizabeth Goudge said, “Truly great men and women are never terrifying.  Their humility puts you at ease.”  Indeed, great leaders are loved the world over.  We never fear of Mother Teresa or Plato or General Aung Sann.   We read and learn many inspired stories of these great leaders for their humility and humanity in this world.  Nowadays, many leadership studies identify “humility” is the key to transform good to greatness.  Numerous positive psychology studies indicate “humility” is the key to happiness.

From these anecdotal evidences from religious as well as from scientific point of views, I truly believe that humility is very fundamental in transforming good one into great.  A person with the humility never says “I’m the one”.   They all believe in “all for one and one for all”.       
       
MAX
12 July 2010